(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကျင်းပ
မြန်မာတို့၏အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင်ထိန်း သိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ သံတွဲခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ကကြီးမှူးကျင်းပသော (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက သံတွဲမြို့နယ် ဒွါရာဝတီခန်းမ၌ ပြုလုပ်ခဲ့သည်။