ဖျာပုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး (TABLE TALK EXERCISE) ဆွေးနွေးပွဲပြုလုပ်

ဖျာပုံ သြဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ TABLE TALK EXERCISE ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ဖျာပုံမြို့နယ် မီးသတ် ဦးစီးမှူးရုံးခန်းမ၌ ပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဖျာပုံခရိုင် မီးသတ်ဦးစီးမှူး ဦးဌေးဝေက သဘာဝဘေးအန္တရာယ် ဆိုင်ရာတုံ့ပြန် ဆောင်ရွက်ရေး (TABLE TALK EXERCISE) ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာနအနေဖြင့် သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်၍ ပါဝင်ဆောင်ရွက်နေမှုများအား အသီးသီးဆွေးနွေးကြသည်။ ဆွေးနွေးပွဲသို့ ဖျာပုံခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်