မိုင်းယောင်း ဩဂုတ် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယနေ့နံနက်ပိုင်းက မိုင်းယောင်းမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တက်ညီလက်ညီ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသော ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ ဂုဏ်ပြုစကား ပြောကြားသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းတို့က ဩဂုတ် ၃၀ ရက်က မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ အောင်မြင်စွာကျင်းပပြီးစီးခဲ့သော ခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မိမိတို့နှင့်သက်ဆိုင်သည့် အခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ဝိုင်းဝန်းပါဝင် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့်အတွက် ကျေးဇူးအထူးတင်ပါကြောင်း၊ အသိအမှတ်ပြု မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း အမှာစကားပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ဆရာ၊ ဆရာမများက ခရိုင်အဆင့် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မိမိတို့တာဝန်ယူဆောင်ရွက်ခဲ့ရသော လုပ်ငန်းအတွေ့အကြုံများ၊ အားနည်းချက် အားသာချက်များ၊ ဝမ်းသာပျော်ရွှင်မှုများကို ပြန်လည်ဆွေးနွေးမျှဝေခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း