ကျောင်းကုန်းမြို့၌ သက်သာသော ဈေးနှုန်းဖြင့် ဆန်များရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်((၂)ရပ်ကွက်၊ စားသုံးသူရေးရာဦးစီး ဌာနရုံး၌ ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ် နှုန်းဖြင့် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က စတင်ရောင်းချပေးလျက်ရှိ‌သည်။

ချောင်းဆုံမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စံပြစိုက်ကွယ်၌ မျိုးစပါးမျိုးကွဲနုတ်ပယ်ခြင်း ကွင်းဆင်းသရုပ်ပြပွဲဆောင်ရွက်

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ တောင်သူများ ဘက်စုံအဆင့်မြှင့် နည်းပညာသုံပြီးအတွက် နှုန်းမြင့်မားကာ အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့်မျိုးစေ့ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် (RS to CS-SGA) ပေါ်ဆန်းရင် မျိုးစေ့ထုတ်စိုက်ခင်း (၃၂)ဧက စိုက်ပျိုးထားသည့် ကော့ကဒိုက်ကျေးရွာရှိ

မိုးညှင်းမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးပြီးဖြစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ များကို မေလ (၁၆)ရက်နေ့မှ စတင်ထုတ်ချေးပေးခဲ့ရာ ယနေ့ထိ ချေးငွေကျပ် (၃၂၄၃၄၅၀၀၀၀) ကို ထုတ်ချေးပေးနိုင်ခဲ့သည်။

တနင်္သာရီမြို့နယ်တွင် အသက်(၅)နှစ်နှင့်(၁၂)နှစ်အကြားရှိ ကျောင်းသူ/သားများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ပထမ)အကြိမ်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အကြားရှိ ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို ဆေးထိုးစုရပ်များခွဲပြီး ဇွန် လ၂ ရက်ကျောင်းဖွင့် ရက်မှစတင်၍ အစဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ကအခြေခံပညာ (၇) ကျောင်းမှ ကျောင်းသူ/သား (၈၂)ဦးအား (ပထမ)အကြိမ်အဖြစ် ကျန်းမာရေးဌာနဆရာမများက ကျောင်းများသို့ကွင်းဆင်း၍ ထိုး နှံပေးကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်အတွင်း ရပ်ကွက်များအလိုက် ရပ်မိရပ်ဖများ၊ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများနှင့်အတူ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကို မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီတွင် မြို့သစ်(၁) ရပ်ကွက်၊ အောင်မြေရွှေဘုံသာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

နတ်မောက်မြို့နယ်တွင် မှန်ကန်သည့်မဲဆန္ဒရှင်စာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ ထပ်မံစိစစ်နိုင်ရန် ရက်တိုသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးတို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ရှိ မှန်ကန်သည့် မဲဆန္ဒရှင်စာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ ထပ်မံစိစစ်နိုင်ရန် ရက်တိုသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဝါးခယ်မမြို့နယ်၌ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်

‌ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်းရှိ ဈေးများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးနှင့် ကျံမငေးမြို့မဈေး တို့တွင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to