ဝမ်းတွင်းမြိုနယ်တွင်  Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်း လမ်းခင်းခြင်းနှင့် ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ ၇၀ ရာခိုင်နှုန်းပြီးစီး

ဝမ်းတွင်း သြဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ပွေးစုံကုန်း(ပြည့်စုံကုန်း)ကျေးရွာတွင်  Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်းခင်းခြင်းနှင့် ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း   သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုင်းကျေးရွာအုပ်စု၊ ပွေးစုံကုန်း(ပြည့်စုံကုန်း) ကျေးရွာတွင် ၂၀၂ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်၌   Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ် သိန်း၁၀၀ နှင့် ကျေးရွာသူကျေးရွာသားများ၏ လုပ်အားဖြင့် အရှည် ပေ ၂၁၈၀၊ အကျယ် ၁၂ ပေ ၊ထု ၆လက်မရှိ   ကျေးရွာတွင်းလမ်းအား ဂျင်းခင်းခြင်းလုပ်ငန်းနှင့် အရှည် ပေ ၄၇၁၀၊ အကျယ် ၁ပေ ၆ လက်မ၊ အနက် ၂ ပေရှိ ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို သြဂုတ်လ ပထမပတ်မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကျေးရွာတွင်းလမ်း ခင်းခြင်းနှင့် ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး မြို့နယ် ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ပြီး ပေါင်းစပ်ညှိနိုင်းဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများမှ ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ် ကြောင်း သိရသည်။

Cash For Work စီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၁၀၀ ဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျေးရွာ၏ လိုအပ်ချက်များကို ကျေးရွာလူထုကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်စေပြီး၊ ကိုဗစ်ကာလ ဝင်ငွေနည်းကျေး လက်နေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလှမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်းဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ပြောကြားခဲ့သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)