ကျောက်ဆည် ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါနှင့် အခြားသောဘေး အန္တရာယ်များ၏အကျိုးဆက်များကြောင့် လူမှုစီးပွားဘဝထိခိုက်လျက်ရှိသော ပြည်သူများအား ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက် အအုံများ၊ဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုယ်တိုင်လုပ်ကိုင်စေပြီး ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်စေရန် Cash for work စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ဆည်ကုန်းကျေးရွာ တွင် Cash for work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများ ဂျင်းကျောက်မြေခင်းခြင်းနှင့် စိုက်ပျိုးရေပေးမြောင်း တူးဖော်ပေးခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ် ကြောင်း သိရသည်။
Cash for work စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျေးရွာပြည်သူများ ဝင်ငွေရရှိစေရေး ပြည်သူလူထုလုပ် အားဖြင့် နိုင်ငံတော် ခွင့်ပြုရန်ပုံငွေကျပ်သိန်း (၁၀၀) အကုန်အကျခံကာ အရှည်(၁၀၀၀)ပေ၊ အကျယ် (၁၂)လက်မ၊ ထု(၉)လက်မရှိ ကျေးရွာတွင်းလမ်းများဂျင်းကျောက် မြေခင်းခြင်းနှင့် အရှည်(၃၄၀၀)ပေ၊ အကျယ် (၅)လက်မ၊ အနက်(၁)ပေခွဲရှိ စိုက်ပျိုးရေပေးမြောင်းတူး ဖော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ပေးမှုကြောင့် ဆည်ကုန်းကျေးရွာမှ အိမ်ခြေ(၅၀)အိမ်၊ လူဦးရေ (၂၃၀)ဦးတို့၏ လူမှုရေး၊ စီးပွား ရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများပိုမိုဖွံ့ဖြိုးတိုးတက်လာမည့်အပြင် စိုက်ပျိုးရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်လာပြီး လူမှုဘဝများတိုး တက်လာမည်ဖြစ်ကြောင်းနှင့် ကျေးရွာတွင်း မြေသားလမ်းများ ဂျင်းကျောက်မြေခင်းခြင်း၊ စိုက်ပျိုးရေမြောင်းတူးဖော်ခြင်းတို့ကြောင့် ကျေး ရွာအနေဖြင့်များစွာ အဆင်ပြေကြောင်း ရပ်မိ၊ရပ်ဖ ဦးကျော်သန်းက ပြောပြသသည်။
သက်မောင်(ကျောက်ဆည်)