တနင်္သာရီတိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရွှေတံဆိပ်(၁၅)ခုနှင့် ငွေတံဆိပ်(၄)ခုရရှိခဲ့သော မြိတ်ခရိုင်ပြိုင်ပွဲဝင်အဖွဲ့အား ဂုဏ်ပြုကြိုဆို

တနင်္သာရီတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ရွှေတံဆိပ်(၁၅)ခုနှင့် ငွေတံဆိပ်(၄)ခုရရှိခဲ့သော မြိတ်ခရိုင် ပြိုင်ပွဲဝင်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ မြိတ်လေဆိပ်တွင် တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

ကသာမြို့နယ် မြေစိုက်နံရံကပ်ပြဘုတ်၌ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး ရုပ်စုံ/ ပိုစတာများ ပြသထားရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်ချက်တာဝန် (၃) ရပ်ဖြစ်သော ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန် စသည့်လုပ်ငန်းများကို

လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose များထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား Booster Dose ထိုးနှံရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသော လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိအုပ်ချုပ်ရေးမှူးများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်း/ဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်း/ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။

ရမ်းဗြဲမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စားပွဲတင် တင်းနစ် အားကစားသင်တန်း ဖွင့်လှစ်ပေး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်များ ကျန်းမာသန်စွမ်းပြီး ကာယ ဉာဏ စာရိတ္တ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် ယမန်နေ့က ရမ်းဗြဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စားပွဲတင်တင်းနစ် အားကစားနည်းသင်တန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဘက်စုံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းပညာပေးသင်တန်းနှင့် မိုးစပါးကင်းထောက်မှတ်တမ်းယူခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲနှင့် မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ ဘက်စုံပိုးမွှားရောဂါကာကွယ်ရေးသင်တန်းနှင့် ပိုးမွှားကင်း ထောက်မှတ်တမ်းယူခြင်း ကွင်းသရုပ်ပြပွဲကို ပေါမိုင်းရပ်ကွက် အောင်သာဘုန်းတော်ကြီးကျောင်း တွင် ယမန်နေ့မွန်းလွဲ (၁)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်၌ ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူများ အဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းလုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်များသည် ဘိလပ်မြေဖြင့် ပြုလုပ်သော အုတ်များ၊ ကျောက်ပန်းပြားများ၊ ကျောက်စီများကို အသုံးပြုသူများပြားလာသဖြင့် ဘိလပ်မြေအုတ်၊ ကျောက်ပန်းပြားနှင့် ကျောက်စီများ လုပ်ကိုင်ရောင်းချသူများ အဆင်ပြေမှုများလာကြောင်း အဆောက်အဦ ဆောက်လုပ်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းသာယာလှပစေရေးအတွက် အရှိန်အဟုန်မပျက် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပြဖွံ့ဖြိုးရေးနှင့်သန့်ရှင်းသာယာလှပရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပွင့်ဖြူမြို့ သန့်ဇင်လမ်းနှင့် သရဖီလမ်းရှိ လမ်းဘေး (ဝဲ၊ယာ) ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ဝန်ထမ်းများပူးပေါင်းအဖွဲ့က အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် စုပေါင်းသန့်ရှင်းရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to