ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (၂၇)တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းသင်တန်း ပြုလုပ်

မန္တလေး ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် ဒေသန္တရကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ပညာရေးဦးစီး ဌာနတို့ ပူးပေါင်းပြီး အခြေခံပညာအထက်တန်းကျောင်း (၂၇) အောင်တံခွန်ခန်းမတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က ကျန်းမာရေးမှတ်တမ်းကတ်ဖြည့်သွင်းခြင်းသင်တန်း ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပြည်ကြီးတံခွန်မြို့နယ် ဒုတိယပညာရေးမှူး ဦးအောင်သန်းထွန်းမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး၊ ပြည်ကြီးတံခွန်မြို့နယ် ဒေသန္တရကျန်းမာရေးဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်မြတ်မိုးဦးမှ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်ရေးသွင်းရာတွင် လိုအပ်သော အချက်အလက်များအကြောင်းရှင်းလင်းပြောကြားခြင်း၊ ကျောင်းကျန်းမာရေးမှတ်တမ်းကတ် အသုံးပြုခြင်း၏ ရည်ရွယ်ချက်၊ တာဝန်ဝတ္တရာများနှင့် ကျောင်းသားအရွယ်ကလေးများ၏ ခန္ဓာကိုယ်ကြီး ထွားဖွံ့ဖြိုးမှုကို စစ်ဆေးခြင်း စသည့်အချက် အလက်များကို သင်ကြားပေးခဲ့ကြောင်းသိရသည်။

ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းသင်တန်းတွင် ပြည်ကြီးတံခွန်မြို့နယ် ဒေသန္တရကျန်းမာရေးဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်မြတ်မိုးဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပြည်ကြီးတံခွန်မြို့နယ် ဒုတိယပညာရေးမှူးနှင့်ဆရာ/ဆရာမများ၊ အခြေခံ ပညာကျောင်းမှ ဆရာ/ဆရာမ(၂၅)ဦးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာ/ဆရာမ (၂၅) စုစုပေါင်း (၆၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်အောင်(ခရိုင် ပြန်/ဆက်)