မြို့သစ်၌ ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူများ အဆင်ပြေ

မြို့သစ် ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းလုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်များသည် ဘိလပ်မြေဖြင့် ပြုလုပ်သော အုတ်များ၊ ကျောက်ပန်းပြားများ၊ ကျောက်စီများကို အသုံးပြုသူများပြားလာသဖြင့် ဘိလပ်မြေအုတ်၊ ကျောက်ပန်းပြားနှင့် ကျောက်စီများ လုပ်ကိုင်ရောင်းချသူများ အဆင်ပြေမှုများလာကြောင်း အဆောက်အဦ ဆောက်လုပ်သူများထံမှ သိရသည်။

မြေအုတ်တစ်လုံးသွားဝယ်တယ်ဆိုရင် သယ်ယူစရိတ်မပါရှိသေးဘူး ၈၀ကျပ်ပေးရတယ်၊ ဘိလပ်အုတ်ကတော့ (၇၀)ကျပ်ပေးရတယ်၊ အိမ်ရှင်တွေအများစုကတော့ ဘိလပ်မြေအုတ်တွေကို သဘောကျတယ်၊ ဘိလပ်မြေအုတ်ကတော့ ထူလည်ထူတယ် လှလည်းလှတယ် လက်လုပ်မြေအုတ်တွေလို ပိန်တာချိုင့်တာမပါဘူး၊ စျေးနှုန်းသက်သာပြီး မိမိအိမ်အတွက် သယ်ယူစရိတ်သက်သာတဲ့အတွက် အိမ်ရှင်တွေကတော့ သဘောကျတယ်ဟု ပန်းရံဆရာဖြစ်သူတစ်ဦးထံက သိရသည်။

ဘိလပ်မြေဖြင့်ပြုလုပ်သော အရှည်(၉") အနံ(၄") အမြင့်(၃")ရှိသော အုတ်ကိုဘိလပ်မြေ တစ်အိတ် သဲ(၈)အိတ်ရောစပ်ပြီး ပြုလုပ်ပါက ဘိလပ်အုတ် (၁၅၀)ခန့်ရရှိပြီး ဘိလပ်မြေတစ်အိတ်မှာ ငွေကျပ်(၈၅၀၀)ကျပ်နှင့် သဲကျောက်ဖိုး ၂၀၀၀၀ကျပ် လုပ်အားခအပါအဝင် ဘိလပ်မြေအုတ်တစ်လုံးကို ၇ဝကျပ်သာ ကုန်ကျကြောင်းနှင့် ကျောက်ပန်းပြားကို ပြုလုပ်ရာတွင်လည်း (၉")ပတ်လည်ရှိ ကျောက်ပန်းပြားကို ဘိလပ်မြေတစ်အိတ်ကို သဲနု (ပတ်လည်ရှိ ကျောက်ပန်းပြားကို ဘိလပ်မြေတစ်အိတ်ကို သဲနု(၅)အိတ် ရောစပ်ပြီး ပြုလုပ်ရာ ကျောက်ပန်းပြား (၉၀)ခန့် ထုတ်လုပ်ရရှိပြီး လုပ်အားခ အပါအဝင် ကျောက်ပန်းပြားတစ်ချပ်ကို ကုန်ကျစရိတ်မှာ (၆၀၀)ကျပ်ခန့် ကုန်ကျကြောင်း ကျောက်ပန်းပြား ပြုလုပ်သူထံမှ သိရသည်။

သန်းဝင်းထွန်း( ပြန်ဆက်)