ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းသာယာလှပစေရေးအတွက် အရှိန်အဟုန်မပျက် ဆောင်ရွက်

ပွင့်ဖြူ ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပြဖွံ့ဖြိုးရေးနှင့်သန့်ရှင်းသာယာလှပရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပွင့်ဖြူမြို့ သန့်ဇင်လမ်းနှင့် သရဖီလမ်းရှိ လမ်းဘေး (ဝဲ၊ယာ) ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ဝန်ထမ်းများပူးပေါင်းအဖွဲ့က အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် စုပေါင်းသန့်ရှင်းရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့၊ သန့်ဇင်လမ်းနှင့် သရဖီလမ်းရှိ လမ်းဘေး(ဝဲ၊ ယာ) ရေနုတ်မြောင်းများတွင် ပိတ်ဆို့နေသော အမှိုက်သရိုက်များနှင့် နုန်းသဲမြေများကို ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆယ်ယူရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် မြို့ပြသန့်ရှင်းသာယာလှပ စေရေးအတွက် လမ်းဘေး (ဝဲ၊ ယာ)ရှိ  စွန့်ပစ်အမှိုက်များနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်း၊ တံမြက်စည်းလှဲခြင်းတို့ကို စနစ်တကျ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ကာ မြို့မစည်ပင်သာယာဈေး သန့်ရှင်းသပ်ရပ်မှုရှိစေရေး အမှိုက်ကန်ရှိ စွန့်ပစ်အမှိုက်သရိုက်များကို ရှင်းလင်းဆောင်ရွက်ပေးခဲ့သည်။

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်းအဖွဲ့သည် ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ကင်းဝေးပြီး စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် နေ့စဉ်မပျက် အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရပ်ကွက်များအတွင်း အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်းနှင့် မြို့တွင်းရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများအတွင်း အမှိုက်သရိုက်များနှင့် နုန်းမြေများ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာ ဦးလင်းမင်းညွန့်က ပြောသည်။    

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )