ဖျာပုံမြို့နယ်တွင် အိမ်ထောင်စုလူဦးရေ စာရင်း (ပုံစံ-၆၆/၆) များကို Software Program ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) များကို Software Program ရေးသွင်းခြင်းလုပ်ငန်း များ ဆောင်ရွက်နေမှုကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကသြဂုတ်လ ၃၁နေ့ နံနက်ပိုင်းတွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

တကောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် ကင်ဆာရောဂါနှင့် အစားအစာများဆောင်းပါးအား ယနေ့နံနက် (၁၁)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်၌ ကိုယ်ဝန်ဆောင်များအား အာဟာရထောက်ပံ့ခြင်းနှင့် အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကိုယ်ဝန်ဆောင်များအား အာဟာရထောက်ပံ့ခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြမြို့ ဒိုဘီကုန်းစျေးလမ်း ကွန်ကရစ်ခင်းခြင်းနှင့် ဆိုင်ခန်းများ နေရာချထားနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြကန်သာရပ်ကွက်၊ ဒိုဘီကုန်းစျေးလမ်း ကွန်ကရစ်ခင်း ခြင်းနှင့် ဈေးသည်များအတွက် ဆိုင်ခန်းများ အတည်တကျ ဆောက်လုပ်နေရာ ချထားပေးရေးအတွက် တာဝန်ရှိသူများနှင့် စျေးသူစျေးသားများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က အ-ထ-က(၄)ကျောင်း၊ မနော်ဟယ်ရီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမူလတန်းကြိုကျောင်း၌ ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက မိုးညှင်းမူလတန်းကြိုကျောင်း၌ ကျင်းပသည်။

ဂွမြို့တွင် ကျန်းမာရေးစစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အဆင့်ကျန်းမာရေး စစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက အထက(ဂွမြို့) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to