ရမ်းဗြဲမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စားပွဲတင် တင်းနစ် အားကစားသင်တန်း ဖွင့်လှစ်ပေး

ရမ်းဗြဲ ဩဂုတ် ၃၁

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်များ ကျန်းမာသန်စွမ်းပြီး ကာယ ဉာဏ စာရိတ္တ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် ယမန်နေ့က ရမ်းဗြဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စားပွဲတင်တင်းနစ် အားကစားနည်းသင်တန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့သင်တန်းဖွင့်လှစ်ရာတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းက စားပွဲတင် တင်းနစ်ကစားကြမည့် ကျောင်းသား/ ကျောင်းသူများကို အမှာစကား‌‌ပြောကြားပေးသည်၊ ယင်းနောက် စားပွဲတင် တင်းနစ် ကစားနည်းများ၊ နည်းစနစ်များကို စနစ်တကျလေ့ကျင့်သင်ကြားပြသပေးသည်။

အဆိုပါသင်တန်းကို အမှတ်(၁) အခြေခံပညာအတက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၃၀)ဦး တက်ရောက်သင်ကြားပြီးကစားကြမည်ဖြစ်ရာ သင်တန်းကို ‌ကျောက်းဖွင့်ရက်များအတွင်း တစ်ပတ်လျှင် (၃)ရက် သင်ကြားပြသလေ့ကျင်းပေးသွားမည်ဖြစ်ပြီး သင်တန်းတွင်ပါ လေ့ကျင့်ကစားကြမည့် ကျောင်းသား/ ကျောင်းသူများကို အားကစားဝတ်စုံများ ပေးအပ်ပေးခဲ့ကြောင်း သိရသည်။ 

အောင်နိုင် (ပြန်/ဆက်)