ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်း/ဆွေးနွေးပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်း/ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကုသရေးဦးစီးဌာနမှူး‌ ဒေါက်တာမွန်စိုးရီမှ ​ကျောင်းကျန်းမာရေးမှတ်တမ်းကတ် ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန သင်တန်းနည်းပြများမှ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းပါ အကြောင်းအရာများဖြစ်သည့် ကျောင်းသား၏ ကိုယ်ရေးအချက်အလက်များ၊ ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံမှုအခြေအနေ၊ အာဟာရနှင့် ကျန်းမာရေးဖွံ့ဖြိုးမှုအခြေအနေနှင့် ကျန်းမာရေးစစ်ဆေးတွေ့ရှိချက် အခြေအနေများကို အသေးစိတ် ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အထက်တန်း/အလယ်တန်း/မူလတန်းကျောင်းများမှ ဆရာ/ဆရာမများ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)