ဘက်စုံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းပညာပေးသင်တန်းနှင့် မိုးစပါးကင်းထောက်မှတ်တမ်းယူခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

ခန္တီး ဩဂုတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲနှင့် မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ ဘက်စုံပိုးမွှားရောဂါကာကွယ်ရေးသင်တန်းနှင့် ပိုးမွှားကင်း ထောက်မှတ်တမ်းယူခြင်း ကွင်းသရုပ်ပြပွဲကို ပေါမိုင်းရပ်ကွက် အောင်သာဘုန်းတော်ကြီးကျောင်း တွင် ယမန်နေ့မွန်းလွဲ (၁)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုခိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြော ကြားကာ စိုက်ပျိုးနည်းပညာပေး လက်ကမ်းစာစောင်များ၊ သင်ထောက်ကူပစ္စည်းများ၊ ဆေးဖျန်းပုံး များကို တောင်သူများထံ ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဦးမိုးမင်းက မိုးစပါးသိပ္ပံ နည်းကျ စိုက်ပျိုးနည်းအကြောင်းကိုလည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဒေါ်စုစုခိုင်က ဘက်စုံပိုးမွှား ရောဂါကာကွယ်နှိမ်နင်းနည်းအကြောင်းကိုလည်းကောင်း အသီးသီး ဆွေးနွေးပို့ချခဲ့သည်။

ထို့နောက် မိုးစပါးကင်းထောက်မှတ်တမ်းယူခြင်း ကွင်းသရုပ်ပြပွဲကို တောင်သူဦးတင်ဆန်းလွင် ၏စိုက်ခင်းတွင် ပြုလုပ်ခဲ့ရာ သီးနှံကာကွယ်ရေးတာဝန်ခံ ဦးမင်းမင်းဇော်က ပိုးမွှားကင်းထောက် မှတ်တမ်းယူခြင်း နည်းပညာရပ်များကိုလည်းကောင်း၊ မျိုးစေ့တာဝန်ခံ ဦးဝင်းကျော်ထွန်းက မျိုး ကောင်းမျိုးသန့် ပြောင်းလဲသုံးစွဲရေးနှင့် ဒုတိယဦးစီးမှူးဒေါ်ခိုင်ရင်စိုးက ကြွက်အန္တရာယ်ကာကွယ် နှိမ်နင်းရေး ကိစ္စများအား အသေးစိတ် ဆွေးနွေးပြောကြားကာ ကင်းထောက်မှတ်တမ်းယူခြင်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)