ကသာ ဩဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်ချက်တာဝန် (၃) ရပ်ဖြစ်သော ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန် စသည့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်က အသိပညာပေး လုပ်ငန်းဖြစ်သည့် ကျောင်းသား/ ကျောင်းသူများနှင့် အများပြည်သူအား သဘာဝ၊ ဘေးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်ကို ရုံးရှေ့မြေစိုက်ပြဘုတ်တွင် ချိတ်ဆွဲပြသဆောင်ရွက်ထားရှိပါသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် မီးဘေးအန္တရာယ်နှင့် ပတ်သက်သော အချက် (၆)ချက်၊ မိုးကြိုးဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ဆိုင်ရာ ပတ်သက်သောအချက်(၇)ချက် စသည့်များတွင် ဆောင်ရန်၊ ရှောင်ရန်များ သဘာဝဘေးအန္တရာယ်ဆိုင် အသိပညာပေး ရုပ်စုံ/ ပိုစတာ (၃၅)ပုံတို့ကို ဝေဆာစွာ ချိတ်ဆွဲ ပြသထားကြောင်း သိရသည်။
ကျော်စွာ(ကသာ)