လပွတ္တာတွင် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအတွက် (ပထမ)အကြိမ် ယူရီယားဓာတ်မြေသြဇာ (၂၀၀၄)အိတ်ကို စျေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ

လပွတ္တာ စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများနှင့် မိုးစပါး နည်းပညာပေး စံပြစိုက်ကွက်များအတွက် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီယား ဓာတ်မြေသြဇာများကို ယနေ့ နံနက် ၉ နာရီချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ (ပထမ)အကြိမ် စျေးနှုန်း ချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်တွင် မိုးစပါးစိုက်ဧက (၃၃၇၈၁၀) ဧကစိုက်ပျိုး အောင်မြင်လျက်ရှိပြီး စိုက်ပျိုးပြီး မိုးစပါးများ အတွက် ပထမအကြိမ် ယူရီးယားဓာတ်မြေသြဇာ (၂၀၀၄)အိတ်အား မြို့နယ် ဓာတ်မြေသြဇာ ဖြန့်ဖြူးရေး ကော်မတီမှ ကြီးကြပ်၍ မိုးစပါးနည်းပညာပေး စံပြကွက်တောင်သူများ၊ မိုးစပါးစိုက်တောင်သူများအား စျေးနှုန်း ချိုသာစွာဖြင့် ကျေးရွာအုပ်စုများအရောက် ဖြန့်ဖြူးပေးလျက်ရှိသည်။ ထပ်မံရရှိမည့် ဓာတ်မြေသြဇာများကို လည်း ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လပွတ္တာ ခရိုင်(ပြန်/ဆက်)