ကံမမြို့ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်း၌ ရေပိတ်ကတ္တရာလောင်းခြင်းလုပ်ငန်း ဆောင်ရွက်

ကံမ စက်တင်ဘာ ၂

မကွေးတို်ငးဒေသကြီး သရက်ခရိုင် ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်းမှ လမ်းများအား ကောင်းမွန်စေရန် ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်း၌ ရေပိတ်ကတ္တရာခင်းခြင်းလုပ်ငန်းအား တာဝန်ခံအင်ဂျင်နီယာ ဦးသက်နိုင်ထွန်းက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါဆောင်ရွက်နေသည့်   ရေပိတ်ကတ္တရာလောင်းခြင်းလုပ်ငန်းမှာ အရှည် ၁၁၀၀ ပေ၊ အနံ ၁၈ ပေအား  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေ ကျပ်(၉၅)သိန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ  ဦးမြင့်လှိုင်ထံမှ သိရသည်။ 

ကျော်ဇေယျဝင်း(ကံမ)