ကျုံပျော်တွင် ရပ်ရွာအေးချမ်းသာယာရေးအတွက် ကွင်းဆင်းစစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူ များ တွေ့ဆုံပွဲပြုလုပ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

ကျုံပျော် စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အေးချမ်း သာယာမှု ရှိစေရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁ ရက်နေ့က မန်းကြာကျေးရွာအုပ်စု ဓမ္မာရုံတွင် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သိန်းစိုးဝင်းနှင့် စစ်ကြောင်းကြီး (၅)ကြောင်းမှ ဌာနဆိုင်ရာ တာဝန်ရှိသူတို့က လုံခြုံ​ရေး၊ တရား ဥပ​ဒေစိုးမိုး​ရေး၊ ရပ်ရွာ​အေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုး​ရေးကိစ္စရပ်များ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း​ပြောကြားပြီး၊ ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို အသိပညာ​ပေး​ ဆွေး​နွေး​ခြင်းများ ဆောင်ရွက်ကြသည်။

ထို့‌နောက် ဒေသခံပြည်သူများက သိလိုသည့် အရာများ မေးမြန်းမှုများအ​ပေါ် သက်ဆိုင်ရာဌာနများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးပွဲ တတ်ရောက်လာသော ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အခမဲ့ဆေးဝါးများ ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းကြီး(၅) ကြောင်းတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေး စသည်တို့ပါဝင်ပြီး စစ်ကြောင်းများအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေးအတွက်  ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ပြည်သူ့စကားသံနှင့် တင်ပြလာမှုများအပေါ် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဒေသခံပြည်သူ(၄၀၀)ဦး ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

R-035(ကျုံပျော်)