တောင်တွင်းကြီးမြို့နယ်၊ စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တောင်တွင်းကြီး စက်တင်ဘာ ၃

မ​ကွေးတိုင်း​ဒေသကြီး၊​ မကွေးခရိုင်​၊‌‌ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ​ကျေးရွာပြည်သူများရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယ​မန်နေ့နေ့လယ်(၂)နာရီက ကြက်ဆူတော(တောင်)ကျေးရွာသို့ ကွင်းဆင်း​၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်​ရေရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်းတို့က ကျေးရွာပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ နိုင်ငံသားတိုင်းနိုင်ငံသားစိစစ်ရေးကတ်တစ်မျိုးမျိုးကိုင်‌ ဆောင်ခွင့်ရရှိစေရေး၊ ပညာ​ရေး၊​ ကျန်းမာရေး၊ စိုက်ပျိုး​ရေး၊ ​​မွေးမြူရေး၊ ရေရရှိရေး၊ မီးလင်း​ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တက်​ရောက်လာသည့်​ ကျေးရွာ​ပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)