ဘီးလင်း စက်တင်ဘာ ၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန ( Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်(Book Club )တို့ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်ရေးသားသည့် “လူငယ်နှင့်အခွင့်အလမ်း“ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီး အရာရှိဒေါ်အေးမျိုးမျိုးစံ က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းရည်ရွယ် ချက် ကို ရှင်းလင်းပြောကြားခဲ့ပြီး (Book Club )အဖွဲ့ဝင် ဦးဝင်းနိုင်ဦး၊ (Woman Club)အဖွဲ့ဝင် ဒေါ်သီတာအေးနှင့်ဒေါ်ခိုင်ဝေဖူးတို့က ဦးဆောင် ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် လူငယ်လူရွယ်များက စာအုပ်ပါအကြောင်းအရာ များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်၊လူရွယ်များ၊ စာဖတ်သည့် အလေ့အကျင့် ရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထူးနောင်(ပြန်ဆက်)