မော်တော်ယာဉ်များ မီးလောင်မှုလျော့နည်းကျဆင်းရေး ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

ဒဂုံတောင် သြဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော ယာဉ်များမီးလောင်မှု လျော့နည်းကျးဆင်းရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်​နေ့ညနေပိုင်းက ဆောင်ရွက်ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော YBS ယာဉ်များနှင့် Taxi ယာဉ်များ​တွင် မီးသတ်ဆေးဘူးများ ပါ/ မပါ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ကြကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရှိရသည်။

သန်းသန်းအေး