ပခုက္ကူမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ကွင်းဆင်းအဖွဲ့သည် စက်တင်ဘာလ ၃ရက်က နံနက်၉နာရီခွဲအချိန်က ကျွဲတဲကျေးရွာအုပ်စု၊ မြို့သစ်ရပ်ရှိဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ(အိုမီခရွန်) ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကံမမြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ‌ ဒေသဖွံ့​ဖြိုးရေးကဒူးပြင်ကျေးရွာမှ ပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံ

မ​ကွေးတိုင်း​ဒေသကြီး သရက်ခရိုင်​ ကံမမြို့နယ်အတွင်းရှိ ​ကျေးလက်နေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်း​ဌေးနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်​နေ့ နံနက်(၁၀)နာရီက   ကဒူး​​​​ပြင်ကျေးရွာသို့ ကွင်းဆင်း​၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

အင်းစိန်မြို့နယ်၊ ဆယ်မိုင်စျေးတွင် Mask Campaign ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်​မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ဆယ်မိုင်ကုန်းစျေးတွင် Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့ကနံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

တံတားဦးမြို့တွင် (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်နှင့် ဝန်ထမ်းများက (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်း ပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့ အမှတ် (၂၃) စက်မှုလယ်ယာဦစီးဌာနသို့ သွားရောက်၍ ဝန်ထမ်းများအား ငှားရမ်းပေးကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်(၂)ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

တောင်သာမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပုံပြောပြိုင်ပွဲနှင့် စကားပုံချိတ်ဆက်ပြိုင်ပွဲကျင်းပ

တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ပုံပြောပြိုင်ပွဲနှင့် စကားပုံချိတ်ဆက်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်‌၊ ခတ္တာလမ်းတွင် ရေမြောင်းအုပ်စီလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန် ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရေးအတွက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်၊အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံ ငွေကျပ် (၈.၈၈) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ခတ္တာလမ်း၊ လမ်း‌ဘေးဝဲယာတွင် မိုးရာသီအတွင်း ရေစီးရေလာကောင်းမွန် စေရန် ရေ‌မြောင်အုတ်စီခြင်းလုပ်ငန်းကို စက်တင်ဘလ ၄ ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ ကျောင်းကျန်းမာရေးမှတ်တမ်းကတ် အသုံးပြုခြင်းလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉နာရီမှစ၍ ကျောင်းကျန်းမာ ရေးမှတ်တမ်းကတ် အသုံးပြုခြင်းလုပ်ငန်း လမ်းညွှန်သင်တန်း ဖွင့်လှစ်ပို့ချကြောင်း သိရသည်။
Subscribe to