စဉ့်ကူးမြို့တွင် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပြည်သူ့အကျိုးပြုလုပ်ငန်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

စဉ့်ကူး စက်တင်ဘာ ၅

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်း ရေး ဆောင်ရွက်ခဲ့ကြ​သည်။

ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နီချစ်၊  မြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်စိန်တို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၅၀) ဦးတို့က စဉ့်ကူးမြို့ အခြေခံပညာအထက်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာ သင်ကြားနိုင်ရေးအတွက် စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ ကျောင်းဝင်း သန့်ရှင်းသာယာလှပစေရေးအတွက် ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ပင်များနှင့် အမှိုက်များရှင်းလင်းခြင်း စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)