သာကေတမြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်သူနာပြုစွမ်းရည်ပြိုင်ပွဲကျင်းပ

သာကေ စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်တွင် ကျရောက်မည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအား​ဖြင့် သာကေတမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ တပ်ခွဲအလိုက် သူနာပြုစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီ၌ သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက်စက်မှုဇုံခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါရှေးဦးပြုစုခြင်း သူနာပြုစွမ်းရည်ပြိုင်ပွဲကို တပ်ခွဲအလိုက်တစ်ဦးချင်း(ကျား+) နှစ်ယောက်တွဲ(ကျား+)သဏ္ဍန်တူသရုပ်ပြပွဲအား ယှဉ်ပြိုင်ကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၁၀)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန် /ဆက်)