ကျောင်းကုန်းမြို့၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကျောင်းကုန်း စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပြေးဆွဲ လျက်ရှိသော အနှေးယာဉ်များတွင် ရှေ့နှင့်နောက် ရောင်ပြန်ပြားများ တပ်ဆင်ထားရှိရန် အသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့ထိပ်စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အသိပညာပေး ဆောင်ရွက်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် များတွင် ပြေးဆွဲလျက်ရှိသော အနှေးယာဉ်များတွင် ရှေ့/နောက် ရောင်ပြန်ပြားများကို တခါတည်းတပ်ဆင် ပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)