ပုလော စက်တင်ဘာလ ၅
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပုလောမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ မျိုးကွဲသစ် (အိုမီခရွန်) ရောဂါ ကာကွယ်ရေး နည်းလမ်းများကို ဒေသခံပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ နေ့လယ် ၂ နာရီခွဲက ပုလောမြို့ အမှတ် (၃) ရပ်ကွက်၌ Hand Speaker ဖြင့် လိုက်လံ၍ နှိုးဆော်သတိပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများ လိုက်နာရမည့်အချက်များကို နှိုးဆော်ပေးရာတွင် မျိုးကွဲသစ်အိုမီခရွန်မျိုးစိတ်သစ်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရဖူးသူများ ပြန်လည်ကူးစက်နိုင်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ ထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်မှုများကို ထိရောက်စွာ လျော့ချနိုင်ခြင်း တို့ကြောင့် ကိုဗစ်ကာကွယ်ဆေးများကို ကြိမ်နှုန်းပြည့် ထိုးနှံကြရန်၊ ပြည်သူများအနေဖြင့် မိမိနေ အိမ်များတွင် နေထိုင်ကြရန်၊ ပြင်ပသို့ ထွက်ခွာပါက ပါးစပ်၊ နှာခေါင်းစည်းကို စနစ် တကျ တပ်ဆင်သွားလာကြရန်၊ မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ခြင်း၊ လက်ကို စနစ်တကျ မကြာခဏ ဆေးကြောခြင်း၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန် စသည့်ဆောင်ရန်ရှောင်ရန် နည်းလမ်းများကို အသိပညာပေး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)