ပုလောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ပုလော စက်တင်ဘာလ ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ပုလောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တိုက်ပွဲရှောင်သူများကို ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့က ပုလောမြို့ပေါ် ရပ်ကွက်နှင့် ရှပ်ပုံကျေးရွာ၌ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။

ထိုသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် ပုလောမြို့ပေါ်ရပ်ကွက်နှင့် ရှပ်ပုံကျေးရွာနေ တိုက်ပွဲ ရှောင် အိမ်ထောင်စု ၁၀၈ စုကို အိမ်ထောင်စုတစ်စုလျှင် (၁၂) ပေပတ်လည် တာပေါ်လင်(၁)ပိုင်း၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဖျာ၊ အမျိုးသမီးတစ်ကိုယ်ရေသုံးပစ္စည်းများနှင့် စောင်(၁)ပိုင်းစီကို ပုလောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)