တောင်ကြီးမြို့၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ စာအုပ်များ ငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ​အသိပညာပေး သုတ၊ ရသစာပေများနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲက စာအုပ်များ သွားရောက်ငှားရမ်းပေးလျက်ရှိသည်။

ကြံခင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သိရှိစေရန် အသိပညာပေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ကြံခင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ရာ ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ် စည်ပင်သာယာရေး နယ်နမိတ်အပိုင် ဘက်ရဲမြို့ဈေး အတွင်း/အပြင်ရှိ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသ(၄)ရပ်ကွက်တွင် အေးသာယာလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းအချိန်ခန့်က စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အင်္ဂပူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့သတ်မှတ်ပြီး ပလပ်စတစ်မသုံးစွဲရေး ကြပ်မတ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ အင်္ဂပူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ဈေးများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နံနက်ပိုင်းက အင်္ဂပူမြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့မဈေးနှင့် မဲဇလီကုန်း၊ ထူးကြီး၊ ကွင်းကောက်၊ ခြောက်ရွာ၊ ညောင်ကျိုးစသည့် ဈေးများ၌‌ ဈေးအတွင်း/အပြင် ဈေးရောင်းဈေးဝယ် ပြည်သူများအား ပလပ်စတစ် သုံးစွဲမှုမရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။

ချောက်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ​ လေ့ကျင့်​ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်

မ​ကွေးတိုင်း​ဒေသကြီး​၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ​လေ့ကျင့်​ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈နာရီအချိန်က မြို့နယ်အားကစားကွင်း မိုးလုံ​လေလုံအားကစားကွင်း၌  ကျင်းပခဲ့သည်။

ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အသိပညာပေးနံရံကပ်စာစောင် ခင်းကျင်းပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မစားသင့်သော အစားအသောက်များအား သိရှိစေရန်အတွက် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်စာစောင်ပြဘုတ်တွင် ယနေ့နံနက် ၉ နာရီက ခင်းကျင်း ပြသထားကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးရာသီ ချည်မျှင်ရှည်ဝါနှင့်ဝါကြီး(၆၁၈၈)ဧကနှင့် ပဲမျိုးစုံ(၁၀၄၉)ဧက စိုက်ပျိုးထားရှိ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ ချည်မျှင်ရှည်ဝါနှင့်ဝါကြီး စုစုပေါင်း(၆၁၈၈)ဧကနှင့် ပဲမျိုးစုံ(၁၀၄၉)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

လပွတ္တာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ်သတ်မှတ်ပြီး အသိပညာပေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်ချက်နှင့်အညီ လပွတ္တာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်းရှိ ဈေးများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ရာ ယမန်နေ့နံနက် (၈)နာရီချိန်က လပွတ္တာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် နန္ဒဝန်စျေး၊ ရွေးနဒီစျေး၊ အမှတ်(၁)ရပ်ကွက် ပျံကျစျေးများ၌‌ ဈေးအတွင်းအပြင် ဈေးရောင်းဈေးဝယ် ပြည်သူများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

ရပ်စောက်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပသည်။

ပခုက္ကူမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်တော့မည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို စက်တင်ဘာလ ၅ရက် နံနက်၈နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ မြို့မလမ်းနှင့် လမ်းဆုံ၊ လမ်းခွများတွင် ဆောင်ရွက်ကြသည်။
Subscribe to