သရက်ချောင်းမြို့နယ်တွင် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းများ လစဉ်ဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစအသက် (၄၅)ရက် မှ အသက်(၁၈)လအရွယ်အထိကလေးသူငယ်များအားကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြောင်းမြမြို့၌ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်း၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စျေးဆိုင်များ၊ စျေးများတွင် စျေးရောင်းဈေးဝယ် ပြည်သူများအား ပလတ်စတစ် မသုံးစွဲရေး အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး နှာခေါင်းစည်းများ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကိုဗစ်-၁၉  မျိုးကွဲသစ်အိုမီခရွန် ကာကွယ်တာဆီးထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့်

ကလိန်အောင်မြို့၌ မွေးကင်းစမှ အသက် (၂) အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဆေးပေးခန်း၌ ယနေ့နံနက် ၉ နာရီက မြို့အတွင်းရှိ မွေးကင်းစမှ အသက် (၂) အောက် အရွယ်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးငယ်များ (MCCT)အကျိုးခံစားခွင့် ရှိသူများအား ထောက်ပံ့ကြေးပေးအပ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ (၃)လပတ် (ဧပြီလ၊ မေလ၊ ဇွန်လ)တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှမွေးဖွားသည့် အသက်(၂)နှစ်အောက်ကလေး သူငယ်များအား(MCCT)အစီအစဉ်ဖြင့် ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က နမ့်ဆန်မြို့နယ် မန်လုံးကျေးရွာ၊ တောင်မကျေးရွာ၊ မြို့သစ်ကျေးရွာများတွင် ကျေးရွာများအရောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးများနှင့်အတူ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မင်းလှ၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး Booster Dose စတင်ထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းသား/ ကျောင်းသူများအား တတိယအကြိမ် ကိုဗစ်- ၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး Booster Dose စတင်ထိုးနှံပေးခြင်းကို အ.ထ.က မင်းလှ(မြို့ပြင်)ကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်‌ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးရဲတင့်သည် ဖျာပုံခရိုင်အတွင်းရှိ ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးရဲတင့်သည် စက်တင်ဘာလ (၃)ရက်နေ့ (၁၅)နာရီ (၄၅)မိနစ်အချိန်က ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများနှင့် လည်းကောင်း (၁၆)နာရီ (၁၇)မိနစ်အချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဖျာပုံခရိုင်ရုံးနှင့်ဒေးဒရဲမြို့နယ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တောင်သာမြို့၌ (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးပြုလုပ်

၂၀၂၂ ခုနှစ်၊  အောက်တိုဘာလ(၁)ရက်နေ့တွင်  ကျရောက်မည့်   (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်သာမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယမန်နေ့ နံနက် (၆) နာရီခွဲအချိန်က မင်းစု (အ-ထ-က) ကျောင်းဝန်းအတွင်းတွင်  စုပေါင်းသန့်ရှင်းရေး  ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျုံပျော်ခရိုင်၊ အထောင်မြို့ ဗြဟ္မဝိဟာရ ကုသိုလ်ဖြစ်ဆေးခန်းမှ ဘိုးဘွား(၂၀၀)ဦးခန့်အား (အခမဲ့)ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်‌ပေး

သက်ကြီးဘိုးဘွားများ ကျန်းမာရေးကောင်းမွန်ပြီး စိတ်ချမ်းသာမှုရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့အမှတ်(၃)ရပ်ကွက် ဗြဟ္မဝိဟာရ ကုသိုလ်ဖြစ်ဆေးခန်းမှ ဘိုးဘွား(၂၀၀)ဦးခန့်အား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်‌ပေးခြင်းကို ယမန်နေ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဒုတိယနေ့ပြိုင်ပွဲများကို စက်တင်ဘာ(၅)ရက်၊ နံနက်(၈)နာရီက စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမနှင့် နီလာခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
Subscribe to