ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အသက်(၁၂)နှစ်မှ(၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား  တတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယ‌နေ့နံနက်(၁ဝ)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ပင်လုံခန်းမ၌‌ ထိုးနှံ‌ပေးလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် လယ်ပေါ်ပိုင်းရပ်ကွက်မှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၅၀)အား ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းအတွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီး၍ လယ်ပေါ်ပိုင်းရပ်ကွက်မှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၅၀)အား ဆန်နှင့်စားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက် ၉ နာရီတွင် စတင်ရောင်ချပေးလျက်ရှိကြောင်း သိရသည်။

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အမှိုက်များစနစ်တကျစွန့်ပစ်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေး အသိပညာပေး (Talk Show) ကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ယနေ့နံနက် ၉:၀၀ရီအချိန်၌ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေး စစ်ဆေးပေးခဲ့ကြောင်းသိရသည်။

နောင်မွန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းရေကျော်ပြီး လူနေအိမ်အချို့ ရေဝင်ရောက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက မြို့အဝင်လမ်းပေါ်ရေကျော်ခဲ့ပြီး အမှတ်(၂)ရပ်ကွက်၊ မြေနိမ့်ပိုင်းရှိ လူနေအချို့သို့ ရေဝင်ရောက်မှုများ ဖြစ်ခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၌ မြေပဲများဈေးကောင်းရသဖြင့် မြေပဲစိုက်တောင်သူများ အဆင်ပြေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုအခါ မြေပဲများဈေးကောင်းရရှိသဖြင့် မြေပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့ အ.ထ.က(ပေါက်ခေါင်း)တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းအကြိမ်(Booster Does)ထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ အ.ထ.က(ပေါက်ခေါင်း)တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများကို ထပ်ဆောင်းအကြိမ်(Booster Does)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ အဆိုပါစာသင်ကျောင်း ကျောင်းခန်းမတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိ‌ကြောင်းသိရသည်။

ဓနုဖြူမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် အသိပညာပေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးခြင်းကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေး ရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။

ဆီဆိုင်မြို့နယ်အတွင်းရှိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ ရပ်ကွက်များမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ မြို့နယ်စာရေးဆရာအသင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်း လစဉ်ပုံမှန် အစည်းအဝေးကျင်းပ ဆောင်ရွက်ကြောင်းသိရသည်။
Subscribe to