ကျောက်ကြီး စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသ(၄)ရပ်ကွက်တွင် အေးသာယာလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းအချိန်ခန့်က စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လုပ်ငန်းများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျောက်ကြီးမြို့မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ် (၆၅,၄၀၀,၀၀၀)သိန်းဖြင့် အလျားပေ(၁၅၅၀)၊ အကျယ်(၁၀)ပေ၊ အမြင့်ထု(၈)လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းအား ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှသိရသည်။
အဆိုပါလုပ်ငန်းပြီးသွားပါက မုန်းဒေသနေဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သွားလာရေးအဆင်ပြေမည်ဖြစ်ပြီး လူနေမှုဘဝမြင့်မားရန် နိုင်ငံတော်အစိုးရမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စီမံဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)