ကြံခင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သိရှိစေရန် အသိပညာပေးခြင်းဆောင်ရွက်

ကြံခင်း စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ကြံခင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ရာ ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အပိုင် ဘက်ရဲမြို့ဈေး အတွင်း/အပြင်ရှိ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်တွင် ကမ္ဘာမြေကျန်းမာဖို့ ပလပ်စတစ်ကို ရှောင်ကြဉ်စို့” ဆောင်ပုဒ်နှင့်အညီ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ အသားငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များ စသည့် အသုံးအဆောင်ပစ္စည်းများအား ပလပ်စတစ်အိတ်အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ သတင်းစာ စက္ကူများ စသည့် ပစ္စည်းများဖြင့် အစားထိုးရောင်းချရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအသိပညာပေးခြင်းကို ဘက်ရဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်တင်မိုးသူနှင့်တာဝန်ရှိသူများ၊ ဘက်ရဲမြို့ မြို့မရဲစခန်းနှင့် ဘက်ရဲမြို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အလားတူ ကြံခင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင်လည်း မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဈေးရောင်းချနေသော ပြည်သူများအား ပလတ် စတစ်အိတ်အစား ငှက်ပျောဖတ်၊ ဂျာနယ်စက္ကူများကို သုံးစွဲရန် လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)