ပခုက္ကူမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ပခုက္ကူ စက်တင်ဘာ ၅

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်တော့မည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို စက်တင်ဘာလ ၅ရက် နံနက်၈နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ မြို့မလမ်းနှင့် လမ်းဆုံ၊ လမ်းခွများတွင် ဆောင်ရွက်ကြသည်။

အဆိုပါလုပ်ငန်းကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ (ပခုက္ကူခရိုင်)မှ ရဲမှူးသိန်းဌေးနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ဌာနစိတ် (ပခုက္ကူခရိုင်)မှ ရဲတပ်ကြပ်ကြီးနိုင်မိုးနှင့်တပ်ဖွဲ့ဝင်များက စုပေါင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး ပခုက္ကူမြို့၊ မြို့မလမ်းနှင့်လမ်းဆုံ၊လမ်းခွများတွင် ဖြတ်သန်းသွားလာကြသည့် ပြည်သူများထံ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေများ၊ ပြည်ပအလုပ်အကိုင်များအကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ ကျခံနိုင်သည့်ပြစ်မှု၊ပြစ်ဒဏ်များ အကြောင်းပါဝင်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင် (၁၀၀)ကျော်တို့ကို အခမဲ့ဖြန့် ဝေကြကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)