ချောက်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ​ လေ့ကျင့်​ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်

ချောက် စက်တင်ဘာ ၅

မ​ကွေးတိုင်း​ဒေသကြီး​၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ​လေ့ကျင့်​ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈နာရီအချိန်က မြို့နယ်အားကစားကွင်း မိုးလုံ​လေလုံအားကစားကွင်း၌  ကျင်းပခဲ့သည်။

ရှေးဦးစွာမြို့နယ်မီး​ဘေးလုံခြုံ​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးစိုးလွင်က အဖွင့်အမှာစကား​ပြောကြား​ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးသိန်း​ဇော်ဝင်းကသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား​ ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းအား စက်တင်ဘာ ၅ ရက်မှ စက် တင်ဘာ ၃၀ ရက်​နေ့အထိ နေ့စဉ်ည​နေ ၄ နာရီ မှ ၆ နာရီ အထိ​ သင်တန်းနည်း​ပြဆရာ လေးဦးမှ စာ​တွေ့လက်​တွေသင်ကြား ပို့ချပေးသွားမည်​ဖြစ်​သည်။ သင်တန်းတွင် သင်တန်းသား ၅၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းသားများအား လက်နက်မဲ့စစ်​ရေးပြ​ခြင်း၊ မီး​ငြိမ်းသတ်​ခြင်း၊​ ခေတ်မီမီးသတ်ပစ္စည်းများ၊ ရှာ​ဖွေကယ်ဆယ်​ရေးပစ္စည်း​များဖြင့် ရှာ​ဖွေကယ်ဆယ်​​​ရေးနည်းများကို သင်ကြားပြသ​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရန်မီးသတ်တပ် ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ စုစု​ပေါင်း ၇၀ ဦးတက်​ရောက်ခဲ့​ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)