သရက်ချောင်း စက်တင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် နေ့စဥ်နံနက် ၉နာရီခွဲအချိန်မှစ၍ ထိုးနှံပေး လျက်ရှိသိရသည်။
ထို့သို့ထိုးနှံပေးလျက်ရှိရာ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်–၁၉ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသော ပြည်သူများ၊ (ဒုတိယအကြိမ်)ကိုဗစ်–၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသူများ၊ (ဒုတိယအကြိမ်) ကိုဗစ်–၁၉ရောဂါကာကွယ် ဆေးထိုးနှံပြီး (၆)လပြည့်ပြီးသူများအား Booster Dose ကိုဆက်လက်ထိုးနှံပေးပြီး ရဟန်းသံဃာများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦး၏ ကြီးကြပ်ဆောင် ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)