စဉ့်ကိုင်မြို့နယ်၌ မိုးနှောင်းဝါမျိုးစေ့နှင့်ဆောင်းနေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကျင်းပ

စဉ့်ကိုင်    စက်တင်ဘာ  ၅

တောင်သူများစိုက်ပျိုးသီးနှံအထွက်နှုန်းကောင်းစေရန်နှင့် အရည်အသွေးကောင်းမွန်သည့်မျိုးစေ့များ ရရှိစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်အတွင်းရှိ   တောင်သူများအား  မိုးနှောင်းဝါမျိုးစေ့နှင့် အိန္ဒိယဆောင်းနေကြာ မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို  ယနေ့နံနက်(၉)နာရီက မြို့နယ်စိုက်ပျို းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့၀င်(၂) ဦးအောင်သူက တောင်သူများအား  အရည်အသွေးကောင်းမွန်သည့်မျိုးစေ့များပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးသန်းဇော်က မိုးနှောင်းဝါမျိုးစေ့နှင့် အိန္ဒိယဆောင်းနေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ရခြင်း  ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  မိုးနှောင်းဝါမျိုးစေ့နှင့် အိန္ဒိယဆောင်းနေကြာမျိုးစေ့များကို တောင်သူများအား တာ၀န် ရှိ သူအသီးသီးကထောက်ပံ့ပေးအပ်ခဲ့ရာဒေါင့်ကြီးကွေ့အုပ်စု၊ ရွာဘိုကျေးရွာမှ တောင်သူဦးပေါမြင့် ကတောင်သူများကိုယ်စားကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။မိုးနှောင်းချည်မျှင်ရှည်ဝါမျိုးစေ့   ရွှေတောင်(၁၀)ရွှေတောင်(၈)မျိုးစေ့ တစ်ဧကလျှင် (၃)ပိဿာနှုန်း (၆၉၉၄)ဧကနှင့် ဆောင်းနေကြာ တစ်ဧကလျှင်  (၃) ကီလိုနှုန်းဖြင့် စုစုပေါင်း(၁၂၁၃၅)ဧကထောက်ပံ့ပေးအပ်ခဲ့ပြီး အခမ်း အနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့၀င်(၂) ဦးအောင်သူ၊   ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ဦးချစ်ဆွေဦးနှင့်   ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့်  မြို့နယ်အဆင့်ဌာနဆိုင်ရာမှ   တာ၀န်ရှိသူများ၊    စိုက်ပျိုးရေးစီးဌာန  မြို့နယ်ဦးစီးမှူး   ဦးသန်းဇော်နှင့် ၀န်ထမ်းများ၊  တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)