မိုင်းရှူး စက်တင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မိုင်းရှူးမြို့နယ် မီးသတ်စခန်း၌ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ယင်း ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်နှင့် မြို့နယ်ရဲ့တပ်ဖွဲ့မှူး ရဲမှူးကျော်လင်းတို့က အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံ အသီးအသီးပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းအား အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦး တက်ရောက်သင်ကြားပြီး သင်တန်းကာလ (၄)ပတ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)