မိုင်းယန်းမြို့နယ်၌ မိုးအဆက်မပြက်ရွာသွန်းမှုကြောင့် မိုးစပါးသီးနှံအချို့ ရေလွှမ်းမိုး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူများ၏ စိုက်ပျိုးထားသော မိုးစပါးသီးနှံအချို့ ရေလွှမ်းမိုးထိခိုက်လျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်တွင် နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး

စာဖတ်ရှိန် တိုးတက်လာစေရေးရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပုလောမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီ းဌာနမှ ဝန်ထမ်းများက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်များကို ယမန်နေ့နေ့လယ် ၂ နာရီက ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းမိသားစုများကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို ကွင်းဆင်းငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။

သာပေါင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဗီနိုင်းပိုစတာ ဆိုင်းဘုတ်စိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့က ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတိ အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူခဲ့ကြသည်။

လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်(၁၁)နာရီအချိန်က လူငယ်အသိပညာပေးဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ဟိုင်းကြီးကျွန်းမြို့၌ ဒုတိယအကြိမ်မြောက် အသံမစဲ မဟာပဌာန်းပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အ.ထ.က ဟိုင်းကြီး၊ အခြေခံပညာ အထက်တန်းကျောင်းတွင် အသံမစဲ မဟာပဌာန်းပူဇော်ပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် မြကျွန်းသာခန်းမ၌ ဒုတိယအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၊အလက(ခွဲ)ရေဖြူတွင်အသက်(၅)နှစ်နှင့်(၁၂)နှစ်အကြားရှိ ကျောင်းသူ/သားများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ဒုတိယ)အကြိမ်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၅)နှစ်မှ(၁၂)နှစ်အကြားရှိကျောင်း နေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဇွန်လ၂ရက် ကျောင်းဖွင့်ရက်မှစတင်၍ အစဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က တမုတ်ချုန်းကျေးရွာ အုပ်စု-ရေဖြူကျေး ရွာ-အလက(ခွဲ)ကျောင်းဆေးထိုးစုရပ်၌ ကျောင်းသား(၁၀)ဦးနှင့် ကျောင်းသူ(၄)ဦး၊ ပေါင်း (၁၄)ဦးအား (ဒုတိယ)အကြိမ်အဖြစ် ကျန်းမာရေးဌာနဆရာမများက ကွင်းဆင်း၍ ထိုးနှံပေး ကြောင်း သိရသည်။

မအူပင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း‌‌ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာ၍ ယာဉ်များစနစ်တကျ မောင်းနှင် နိုင်စေရေး အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ မအူပင်မြို့ ကမ်းနားလမ်းနှင့် ဘုရားလမ်းထိပ်တွင် ယမန်နေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ Wilmar Myanmar Riceland Kyaiklat Co.Ltd မှ ဆန်ပေးဝေခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် Wilmar Myanmar Riceland Kyaiklat Co.Ltd မှ ဆန်ပေးဝေခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ ခရိုင်အဆင့် ပညာရေးမှူးရုံး ဆိုင်းဘုတ်ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ဌာနဆိုင်ရာများခရိုင်အဆင့် ရုံးဆိုင်းဘုတ် သစ်တင်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပညာရေးမှူးရုံး ခရိုင်အဆင့်ရုံး ဆိုင်းဘုတ်သစ် တင်ပွဲအခမ်းအနားကို စတင်ဖွင့်လှစ် ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ စီမံကိန်းလုပ်ငန်းများ တာဝန်ပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် စီမံကိန်းလုပ်ငန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Subscribe to