သာပေါင်း စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့က ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတိ အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူခဲ့ကြသည်။
ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သတိ အသိပညာပေး ဗီနိုင်းပိုစတာ ဆိုင်းဘုတ်များကို မြို့အဝင်၊ အထွက် စစ်ဆေးရေးဂိတ်အဝင်ဝ မျက်နှာစာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ စခန်းမှူး ဒုတိယရဲမှူးဝင်းနိုင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ယာဥ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ မော်တော်ဆိုင်ကယ် စီးနင်းပါက ဦးထုပ်ဆောင်းရန် မေးသိုင်းကြိုးတပ်ဆင်ရန် သတိ အသိပညာပေး ပြောကြားကြပြီး ဗီနိုင်းပိုစတာ ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)