တနိုင်း စက်တင်ဘာ ၆
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ဌာနဆိုင်ရာများခရိုင်အဆင့် ရုံးဆိုင်းဘုတ် သစ်တင်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပညာရေးမှူးရုံး ခရိုင်အဆင့်ရုံး ဆိုင်းဘုတ်သစ် တင်ပွဲအခမ်းအနားကို စတင်ဖွင့်လှစ် ကြောင်း သိရသည်။
ဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အတွင်းရေးမှူး ရဲမှူးသက်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးဇော်လွမ်းတူး၊ မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
တနိုင်းမြို့နယ်အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်တရားရုံးနှင့် ခရိုင်ပညာရေးမှူးရုံးတို့ အသီးသီးဖွင့်လှစ် ခဲ့ပြီး ခရိုင်အဆင့်လုပ်ငန်းတာဝန်များ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
မနောမြေ(တနိုင်း)