တနင်္သာရီ စက်တင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၅)နှစ်မှ(၁၂)နှစ်အကြားရှိကျောင်း နေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဇွန်လ၂ရက် ကျောင်းဖွင့်ရက်မှစတင်၍ အစဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က တမုတ်ချုန်းကျေးရွာ အုပ်စု-ရေဖြူကျေး ရွာ-အလက(ခွဲ)ကျောင်းဆေးထိုးစုရပ်၌ ကျောင်းသား(၁၀)ဦးနှင့် ကျောင်းသူ(၄)ဦး၊ ပေါင်း (၁၄)ဦးအား (ဒုတိယ)အကြိမ်အဖြစ် ကျန်းမာရေးဌာနဆရာမများက ကွင်းဆင်း၍ ထိုးနှံပေး ကြောင်း သိရသည်။
အသက်(၅)နှစ်နှင့်အထက် ကျောင်းသူ/သားများအားလုံး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးနိုင်ရေးအတွက် ကျန်းမာရေးဌာန ဆရာ/မများနှင့် ဝန်ထမ်းများက စဉ်ဆက်မပြတ် ကွင်းဆင်းလက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နန်းသာရီ~ထိန်ဝင်း(ပြန်/ဆက်)