ဓနုဖြူ စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် စီမံကိန်းလုပ်ငန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အဆင့်လုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးကိုတင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အဆင့် လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးချစ်ဝင်းနိုင်မှ ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးထုတ်လုပ်မှု အကြောင်းအရာများနှင့်ပတ်သက်၍ ဆောင်းသီးနှံ၊ ဆီထွက်သီးနှံ (နေကြာ)နှင့် နွေစပါးစိုက်ပျိုးရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများပူးပေါင်းကာ နည်းမှန်၊ စနစ်မှန်၊ မျိုးမှန်စွာစိုက်ပျိုးရန် လိုအပ်ကြောင်းပြောကြားပြီး ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆၃)အုပ်စုရှိ နေကြာစိုက်ဧက ၂၅၄၂၄(သီးသန့်)ဧကလျာထားပြီး နွေစပါးစိုက်ဧက ၂၉၄၄၀ ဧကအား လျာထားချက်ပြည့်မှီရေးနှင့် အထွက်နှုန်း တိုးတက်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအား တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)