ကျိုက်လတ်၌ Wilmar Myanmar Riceland Kyaiklat Co.Ltd မှ ဆန်ပေးဝေခြင်း အခမ်းအနားကျင်းပ

ကျိုက်လတ် စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် Wilmar Myanmar Riceland Kyaiklat Co.Ltd မှ ဆန်ပေးဝေခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမင်းအောင်က ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိရေး၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့် စားဝတ်နေရေး အဆင်ပြေစေရေးတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Wilmar Myanmar Riceland Kyaiklat Co.Ltd မှလှူဒါန်းသည့် (၆) ပြည်ဝင် ဆန်အိတ် (၁၀၀၀) အား အမှတ် (၁)ရပ်ကွက်၊ အမှတ် (၅)ရပ်ကွက် နှင့် အမှတ် (၆)ရပ်ကွက် ရှိ စားဝတ်နေရေးအခက်အခဲရှိသည့် ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်(၂) ဦးစိန်မြင့်၊ အတွင်းရေးမှူး ရဲမှူးမျိုးမြင့်ဝင်း နှင့် Wilmar Myanmar Riceland Kyaiklat Co.Ltd မှတာဝန်ရှိသူများက အိမ်ထောင်စု တစ်ခုလျှင် တစ်အိတ်နှုန်းဖြင့် ပြည်သူများထံသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ Wilmar Myanmar Riceland Kyaiklat Co.Ltd မှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အမှတ် (၁)၊ (၅) နှင့် (၆) ရပ်ကွက်ရှိ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)