ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်သောအဖွဲ့မှ အင်္ဂပူမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးဖြစ်ထွန်းမှုအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း ဦး‌ဆောင်သောအဖွဲ့သည် စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စေတီခုံအုပ်စု၊ စေတီခုံရွာရှိ တောင်သူ ဦးသာလင်းနှင့် တောင်သူများစိုက်ပျိုးထားသည့် မိုးနေကြာစိုက်ခင်းအား ကွင်းဆင်းကြည့်ရှု့ စစ်‌ဆေးခဲ့သည်။

ကြံခင်းမြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သော လုပ်ငန်းများနှင့် ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် စီမံကိန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတွင် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်း များနှင့် ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကန့်ဘလူမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ကိုယ်ဝန်ဆောင်မိခင်များအား ကလေးမွေးဖွားရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ စက်တင်ဘာ ၆ ရက်နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၄) တက်ရောက်သင်ကြားနေကြသည့် သင်တန်းသူများအား အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ သည်။

မြန်အောင်၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး ပညာပေးဗီနိုင်းပိုစတာ စိုက်ထူခြင်းနှင့်ဒေသတွင်းလုံခြုံရေး မြို့အဝင်/အထွက် ဂိတ်များတွင် စစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး ပညာပေး ဗီနိုင်းပိုစတာ စိုက်ထူခြင်းနှင့်ဒေသတွင်း လုံခြုံရေး မြို့အဝင်/အထွက် ဂိတ်များတွင် စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်က မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသက်(၂)လမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ဒုတိယနေ့ ပုံမှန်ကာကွယ်ဆေး  ဆက်လက်ထိုးနှံပေး

မကွေးတိုင်းဒေသကြီး သရက်မြို့၌ အသက်(၂)လမှ အသက် (၁)နှစ်ခွဲထိကလေးငယ်များကို  ဒုတိယနေ့ ပုံမှန်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက ရုံးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့ပေါ်(၈)ရပ်ကွက်မှ အသက်(၂)လမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး  စတင်ထိုးနှံပေးလျက်ရှိသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်းများဖြစ်သော အခြေခံကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်းဖွင့်လှစ်မှုအား ကွင်းဆင်းကြည့်ရှု

သက်မွေးပညာရပ်များကိုသင်ယူပြီး တက်မြောက်သွားသည့်အတတ်ပညာရပ်များကို မိမိတို့၏လူမှုပတ်ဝန်းကျင်တွင် ပြန်လည်အသုံးချနိုင်ခြင်းအားဖြင့် ပိုမိုကောင်းမွန်သည့်ဝင်ငွေနှင့် လူမှုစီးပွားဘဝများကို ယခုထက်ပိုမိုပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြောကြားသည်။

သာပေါင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာရေး အသိပညာပေးခြင်းများ၊ ကြပ်မတ်စစ်​ဆေးခြင်းများကို မြို့အဝင်ဂိတ်မှ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာရေး အသိပညာပေးခြင်း၊ ကြပ်မတ်စစ်ဆေးခြင်းများ ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ ကွက်ပြင် ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင်စစ်ဆေး ဂိတ်တွင် ဆောင်ရွက်ကြသည်။

ကျွန်းလှမြို့၌ ‌ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှု ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်အတွင်း အသက် (၁၂)နှစ်(၁၇)နှစ်ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Boosterd  Dose)ထိုးနှံပေး

  မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊အလယ်တန်း၊ အထက်တန်းကျောင်းတို့တွင် ပညာသင်ယူလျက်ရှိသောအသက်(၁၂)နှစ်မှ အသက်(၁၇)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ   ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(Booster Dose )ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ရမည်းသင်းမြို့ အမှတ် (၁) အ ခြေခံပညာ အထက်တန်းကျောင်း၊ အနော်ရထာခန်းမ၌ ကျောင်း သား/သူများအားထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to