လဲချားမြို့နယ် (Community Centre) ခန်းမတွင် ကာယနှင့်ဉာဏ စွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ကာယနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ပခုက္ကူမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရေးအတွက် အမှတ်(၁၇)ယာဉ်ထိန်း ရဲတပ်ဖွဲ့ဌာနစိတ် (ပခုက္ကူခရိုင်)နှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ (ပခုက္ကူခရိုင်)တို့ ပူးပေါင်း၍ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၉နာရီအချိန်က မြို့ပေါ်ရှိ မြို့မလမ်းနှင့်ထင်းတန်းလမ်းဆုံ၊ မြိုင်လမ်းနှင့်မြို့မလမ်းဆုံနှင့် အခြားလမ်းဆုံ၊ လမ်းခွနေရာများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေကြသည်။

ညောင်တုန်းမြို့တွင် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းဖြင့်ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ မြို့နယ်အတွင်းရှိ ပြည်သူများတွက် အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်‌ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ ဓမ္မာရုံ၌ ရောင်းချပေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဆေးဘက်ကျွမ်းကျင်(၄) (ဆေးစပ်)နှင့် စိစစ်ရေးမှူး(၄) (ဆေးမှတ်တမ်း) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ကုသရေးဦစီးဌာနမှကြီးမှူး၍ ဆေးဘက်ကျွမ်းကျင်(၄) (ဆေးစပ်)နှင့် စိစစ်ရေးမှူး (၄) (ဆေးမှတ်တမ်း) သင် တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ ၌ကျင်းပခဲ့သည်။

မင်းလှမြို့နယ် လဲဝါကျေးရွာတွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများမှ ကွင်းဆင်းဆောင်ရွက်

မ​ကွေးတိုင်း​ဒေသကြီး၊ သရက်ခရိုင်​၊ မင်းလှမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်​နေ့ နံနက်(၁၀)နာရီနာရီက လဲဝါကျေးရွာသို့ ကွင်းဆင်း​၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၂/၀၂၂)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏(၂/၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က ထား ဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community centre) တွင် စက္ကူခေါက်ပြိုင်ပွဲနှင့် ဟောပြောပွဲများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community centre) တွင် ကျောင်းသား၊သူများ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်နှင့် ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်စေရည်ရန် ရည်ရွယ်၍ ယမန်နေ့ညနေ ၃ နာရီအချိန်က စက္ကူ ခေါက်ပြိုင်ပွဲနှင့်ဟောပြောပွဲများပြုလုပ်ဆောင်ရွက်သည်။

၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ကျောင်းတက်ရန် သွားလာရေးအခက်အခဲရှိသည့် ကျောင်းသား/သူများအား ဒုတိယအကြိမ် စက်ဘီးများငှားရမ်းပေးခြင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ကျောင်းသား/သူများ ပညာသင်ယူရာ၌ သွားလာရေးအခက် အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် စက်ဘီးများငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဘားအံမြို့နယ်ရှိဘုန်းတော်ကြီးကျောင်းများနှင့်သီလရှင်ကျောင်းများ အား ဆွမ်းဆန်တော်၊ ဆီ၊ ဆေး၊ ဆား ဆက်ကပ်လှူဒါန်း

ဝါတွင်းကာလ ဝါဆို၊ဝါကပ်တော်မူကြသော ဆရာတော်၊ သံဃာတော်၊ သီလရှင်များ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှု မရှိစေရေးအတွက် ကရင် ပြည်နယ်အစိုးရအဖွဲ့မှ ဘားအံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့်သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆေး၊ ဆားများ ဆက်ကပ်လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီခွဲခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ သီရိမဏ္ဍိုင်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သော ဆရာတော်၊သံဃာတော်များအား ဆွမ်းဆန်တော်၊ဆီ၊ ဆေး၊ ဆားများ သွားရောက် ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

နောင်ချိုမြို့နယ်တွင် “စားသုံးသူများ ကျန်းမာစေဖို့ ဆီစားသုံးမှု လျှော့ချစို့” အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စားသုံးသူပြည်သူများ ဆီကိုအလွန်အကျွံစားသုံးခြင်းမှ ရှောင်ကျဉ်နိုင်စေရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီစားသုံးမှုအလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ “စားသုံးသူများ ကျန်းမာစေဖို့ ဆီစားသုံးမှုလျှော့ချစို့” အသိပညာပေး Talk Showအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွှဲပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to