မိုင်းယန်းမြို့နယ်၌ မိုးအဆက်မပြက်ရွာသွန်းမှုကြောင့် မိုးစပါးသီးနှံအချို့ ရေလွှမ်းမိုး

မိုင်းယန်း စက်တင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူများ၏ စိုက်ပျိုးထားသော မိုးစပါးသီးနှံအချို့ ရေလွှမ်းမိုးထိခိုက်လျက်ရှိကြောင်း သိရသည်။

မိုးရွာသွန်းမှုကြောင့်  မိုင်းလွေကျေးရွာအုပ်စု မိုင်းလွေကျေးရွာနှင့် နမ့်မုတ်ကျေးရွာများ၌ နမ့်လွေချောင်းနှင့် နမ့်မုတ်ချောင်း၊ တောင်ကျချောင်းရေများကြောင့် ကွင်းပေါင်း (၅)ကွင်း တောင်သူဦးပိုင်ပေါင်း (၉၇)ဦး၊ တောင်သူ(၉၀)ဦး စိုက်ပျိုးထားသောမိုးစပါးသီးနှံ (၁၂၁.၀၀)ဧကခန့် ရေလွှမ်းမိုးထိခိုက်လျက်ရှိကြောင်း သတင်းရရှိသည်။      

ထွန်းထွန်းထူး