အထက်မင်းလှ စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ရွာတော်ကျေးရွာအုပ်စု ဦးပိုင်အမှတ် (၁၃/၂) မြေကွက်အမှတ် (၁၄၆/၁၉၂) မြေဧရိယာ(၀.၁၈)ဧကရှိ မြေနေရာအား ကျေးရွာစက်သုံးဆီ အရောင်းဆိုင်မြေနေရာအတွက် စက်မှု/စီးပွားမြေငှားဂရန်လျှောက်ထားမှုအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ညနေ ၄ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြေတည်ရှိရာဒေသဖော်ပြချက်များ မှန်/မမှန်နှင့် လက်ရှိမြေအခြေအနေအား မြို့နယ်အထွေထွေအုပ်ချုပ်ရးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)