ကျိုက်ထို စက်တင်ဘာ ၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထု အခြေပြုဗဟိုဌာန Community Center ခန်းမ တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ နံနက်ပိုင်းက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူကုန်ကူးမှုအကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျိုက်ထိုမြို့မရဲစခန်းမှ ဒုရဲအုပ်မိုးမိုးလှိုင်မှ လူကုန်ကူးမှုဆိုသည်မှာ ၊လူကုန်ကူးမှုမခံရအောင်၊ လူကုန်ကူးမှုခံရခြင်းကြောင့် ရရှိလာမည့်ဆိုးကျိုးများ၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းနှင့် လူကုန်ကူးမှု ကိစ္စရပ်များကို သိ ရှိပါက သက်ဆိုင်ရာများသို့ သတင်းပေးပို့နိုင်ကြောင်း စသည့် အချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)