ဆင်ပေါင်ဝဲမြို့နယ်တွင် ယခုနှစ်မိုးရာသီတွင် ချည်မျှင်ရှည်ဝါနှင့်ဝါကြီး (၇၃၉၉) ဧက စိုက်ပျိုးထားရှိ

ဆင်ပေါင်ဝဲ စက်တင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ ချည်မျှင်ရှည်ဝါနှင့်ဝါကြီး စုစုပေါင်း(၇၃၉၉)ဧကစိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်အနေရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီးနှစ်စဉ် နွေစပါး၊ မိုးစပါးသီးနှံ၊ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ ပဲမျိုးစုံနှင့် ဝါများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်မိုးရာသီတွင် ချည်မျှင်ရှည်ဝါနှင့် ဝါကြီး (၇၃၉၉) ဧကကို စိုက်ပျိုးထားလျက်ရှိရာ ဝါစျေးကွက် အနေဖြင့် ယခင်နှစ်ကဝါတစ်ပိသာလျှင် (၂၅၀၀) ကျပ်အထိ စျေးရရှိသည့်အတွက် ယခုနှစ်တွင်ချည်မျှင်ရှည်ဝါကို တောင်သူများ ပိုမိုစိုက်ပျိုးလာကြကြောင်းနှင့် တောင်သူများ ဝါသီးနှံမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်နိုင်ရေး ဝါစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး ပိုးမွှားကျရောက်မှုမရှိစေရေးအတွက် နည်းပညာများ ဖြန့်ဝေအသိပေးခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)