အထက်မင်းလှ စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ဌာနဆိုင်ရာများအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်မီပြီးစီးရေးနှင့် ကုမ္ပဏီများမှ ဓာတ်သတ္တုအခွန်များ သတ်မှတ်ကာလအတွင်းပေးသွင်းရန်၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာ များအား တိုက်နယ်အလိုက်တာဝန်ပေးထားပြီးဖြစ်၍ စိုက်ပျိုးရေးဦးဌာန၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကွင်းဆင်း ဆောင်ရွက်ရန်၊ စိုက်ပျိုးစရိတ်ချေးငွေနှင့်ပတ်သက်၍ ဘဏ်ချေးငွေကြွေးကျန်ဆပ်ရန်ကျန်ရှိနေသည့် ကျေးရွာများမှ ပြန်လည်ပေးဆပ်နိုင်ရေးဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံကြရန်၊ Mask စနစ်တကျတပ်ဆင်ရန်၊ မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် မြေပြင်လူဦးရေ စာရင်း ကောက်ယူရာတွင် စာရင်းများ တိကျမှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်၊ လုံခြုံရေးအထူးဂရုပြုရန်၊ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ခြင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)